HOW TO BUY THE CAR PARTS
ဈေးဝယ်လမ်းညွှန်
(1) Click -> Car Parts (Car Parts/ကားအပိုပစ္စည်းများ ကိုနှိပ်ပါ။)
(2) Click -> All Category (All Category ကိုနှိပ်၍ ရှာလိုသော ပစ္စည်း အမျိုးအစား ကို ဦးစွာရွေးချယ်ပါ)
(3) Type in the search box. (ရှာလိုသော ကား Manufacture ဖြင့်သော်လည်းကောင်း ဥပမာ - Lexus, ချယ်ဆီ ဖြင့်သော်လည်းကောင်း ဥပမာ - LS460, ပစ္စည်းကို တိုက်ရိုက်သော်လည်းကောင်း ဥပမာ - front brake pad ရိုက်ထည့်ရှာနိုင်ပါသည်။)
ကား Manufacture ဖြင့် ရိုက်သွင်း ရှာဖွေပုံ
ကား ချယ်ဆီ ဖြင့် ရိုက်သွင်း ရှာဖွေပုံ
ချယ်ဆီနံပါတ်အား ကြည့်ရန် ယဉ်မှတ်ပုံတင်ကဒ် ၏ နောက်ကျောဖက်ကို လှန်ပါ။ အောက်ပါပုံ အတိုင်းတွေ့ရမည်။
ရှာလိုသော အစိတ်အပိုင်းကို ရိုက်သွင်း ရှာဖွေပုံ
ရှာတွေ့လျှင်
ရှာလိုသော ပစ္စည်း အတိအကျရှာတွေ့လျှင် တိုက်ရိုက်နှိပ်၍ကြည့်နိုင်သည်။
အောက်ပါပုံကဲ့သို့ အသေးစိတ် ဖော်ပြထားသော စာမျက်နှာသို့ ရောက်ရှိမည်ဖြစ်သည်။
ပုံပေါ်ကို mouse ကို တင်ကြည့်ခြင်းဖြင့် အသေးငယ်ဆုံး အစိတ်အပိုင်းထိ မြင်နိုင်ရန် အကြီးချဲ့ပြမည်ဖြစ်သည်။
ရှာဖွေသော ပစ္စည်းများ အမျိုးကွဲများရှိ၍ တစ်ခုခြင်းကြည့်ရှုလိုလျှင် အောက်ပါ ပုံအတိုင်း Search Box ဘေးရှိ မှန်ဘီလူးပုံကို နှိပ်ပါ။
အမျိုးအစားတူများ စုစည်းထားသော စာမျက်နှာပေါ်လာမည်။ အောက်ပါပုံကို ကြည့်ပါ။
ထို့နောက်တွင်မှ မိမိ ကြိုက်နှစ်သက်ရာကို နာမည်ပေါ်နှိပ်၍သော်လည်းကောင်း Product Details Button ကို နှိပ်၍သော်လည်းကောင်း ကြည့်ရှုနိုင်သည်။ အောက်ပါပုံများကို ကြည့်ပါ။
ထို့နောက်တွင်တော့ အသေးစိတ်ဖော်ပြထားသော စာမျက်နှာကို ရောက်မည်ဖြစ်သည်။
Order (or) Inquiry ကိုနှိပ်၍ email ပေးပို့ခြင်းဖြင့်သော်လည်းကောင်း၊ Hot Line ဖုန်းနံပါတ်များကို ခေါ်ဆိုခြင်းဖြင့်သော်လည်းကောင်း သိလိုသည်များကို အချိန်မရွေးမေးမြန်းပြီး လူကြီးမင်းတို့လိုအပ်သည့် ပစ္စည်းများကို မှာယူနိုင်ပါသည်။
Email ပို့လိုလျှင် Order (or) Inquiry ကိုနှိပ်ပါ။ အောက်ပါပုံကိုကြည့်ပါ။
Email ပို့ရန် Form (ဖောင်) ထွက်ပေါ်လာမည်။ လူကြီးမင်း မေးမြန်းလိုသော ပစ္စည်း အချက်အလက် အကျဉ်းကိုလည်း တစ်ပါတည်း ထည့်သွင်း ပေးပို့နိုင်မည်။
ထပ်မံဖြည့်သွင်းရန်မှာ -
Name (နာမည်)
E-mail (လူကြီးမင်း၏ အီးမေး(လ်) လိပ်စာ)
အကွက်ကြီးထဲတွင်တော့ မေးမြန်းလိုသည်များကို ထည့်သွင်းရိုက်နှိပ် နိုင်သည်။
ထို့နောက် Send Your Question ခလုပ်ကိုနှိပ်ပါ။
(မှတ်ချက် - လူကြီးမင်း ရိုက်သွင်းထားသော စာလုံးအရေအတွက်ကို တစ်ပါတည်း ဖော်ပြထားပြီး။ စာလုံးအရေအတွက် ၁၀လုံးမှ အလုံး ၂၀၀၀ အတွင်း ရိုက်သွင်းနိုင်ပါသည်။) အောက်ပါပုံတွင် ကြည့်ပါ။
Send Your Question ခလုပ်ကိုနှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျွန်တော်တို့ဆီ လူကြီးမင်း မေးမြန်းထားသည်များ ရောက်ရှိလာမည်ဖြစ်ပြီး၊ အမြန်ဆုံး အကြောင်းပြန်ပေးမည် ဖြစ်ပါသည်။ ဖုန်းနံပါတ် ထည့်သွင်းပေးပို့ထားလျှင် ဖုန်းဖြင့်လဲ ပြန်လည်ဆက်သွယ်ပေးမည် ဖြစ်သည်။
ကျေးဇူးတင်ပါသည်။
ဈေးဝယ်လမ်းညွှန် Download လုပ်၍ သိမ်းထားလိုလျှင် နှိပ်ပါ။